မြင်းခြံတက္ကသိုလ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမြင်းခြံ၊ ဇွန် ၂၁မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ မြင်းခြံတက္ကသိုလ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့က ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။ မြင်းခြံတက္ကသိုလ်ရှိ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့်အတူနေ မိသားစုများ၊ ကျောင်းသား/ကျောင်းသူများအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးဌာနမှူး ဒေါက်တာ ဇင်မာသန်းထွန်း ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။မြင်းခြံတက္ကသိုလ်ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော…