မြောက်ကာရိုလိုင်းနားပြည်နယ် အက်ရှိဘိုရိုမြို၌ ပြုလုပ်သည့် မဲဆွယ်ပွဲတွင် ကျည်ကာမှန်တပ်ထားသည့် စင်မြင့်ထက်သို ဒေါ်နယ်ထရန့် ရောက်လာခဲ့သည်။ ပြီးခဲ့သည့်လက ပင်ဆယ်ဗေးနီးယားပြည်နယ် ဘတ္တလာမြို မဲဆွယ်ပွဲတွင် ေ-သနတ်ပစ်ခံ၍ ထရန့် ဒဏ်ရာရရှိခဲ့ပြီးနောက် ယခု မဲဆွယ်ပွဲမှာ သူ၏ ပထမဆုံး ပြင်ပ မဲဆွယ်စည်းရုံးမှုဖြစ်သည်။
အဆိုပါ ပစ်ခတ်မှု၌ ထရန့်သည် နားရွက်တွင် ေ-သနတ်ဒဏ်ရာရခဲ့သည့်အပြင် ပရိသတ်နှစ်ဦးလည်း ဒဏ်ရာရခဲ့ပြီး အမျိုးသားတစ်ဦး ေ-သဆုံးခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် သမ္မတဟောင်းအနေဖြင့်လတ်တလောတွင် ရုံတွင်း မဲဆွယ်မှုများကိုသာ လုပ်ဆောင်ရန် လျှိဝှက်ထောက်လှမ်းရေးဌာနက အကြံပြုခဲ့သည်။ ထိုနောက် ပြီးခဲ့သည့် သီတင်းပတ်တွင်မူ ထရန့်အနေဖြင့် သူ့ကို အကာအကွယ်လုပ်ထားသည့် ကျည်ကာမှန်နောက်ကွယ်မှ ပြင်ပ မဲဆွယ်ပွဲများကို ကျင်းပစေမည်ဟု လျှိဝှက်ထောက်လှမ်းရေးဋ္ဌာနက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။