မနေ့က (ဇူ ၁၄) နေ့လည် ၁၂ နာရီအချိန်လောက်က စတင်ပြီး မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့ ရှိ နယ်မြေခံလေ့ကျင့်ရေးကျောင်း တစ်ကျောင်းကို TNLA နှင့် PDF အကြမ်းဖက်ပူးပေါင်းအင်အား ၁၂၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ အပြင်းအထန်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
သင်တန်းကျောင်းရှိ လုံခြုံရေးတပ်ဖွဲ့များနှင့် သင်တန်းသားများက တပ်ပတ်ပတ်လည်မှာ အခိုင်အမာခံစစ်ယူပြီး လက်နက်ကြီးပစ်ကူဖြင့် အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့ပြီး ညနေ ၄ နာရီခန့်မှာတော့ တပ်မတော်လေမှ ဂျက်ဖိုက်တာ ၃ စီးဖြင့် ထိရောက်စွာပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများရဲ့ ထိရောက်မှူ ၊ သင်တန်းကျောင်းရှိ လုံခြုံရေးတပ်ဖွဲ့များ၏ ရဲဝံ့စွန့်စားစွာ တုန့်ပြန်တိုက်ခိုက်မှုတို့ကြောင့် အကြမ်းဖက်သောင်းကျန်းသူများဟာ ညနေ ၅ နာရီခွဲခန့်မှာ အလောင်းများ၊ ဒဏ်ရာရသူများအား သယ်ဆောင်ပြီး ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားပါတယ်။
ဆုတ်ခွာထွက်ပြေးသွားတဲ့ ရန်သူ့နောက်ကို ထပ်ချပ်လိုက်လံရှင်းလင်းတိုက်ခိုက်ခဲ့ရာမှာ ကျောင်းပတ်ဝန်းကျင်အနီး လျှိုတစ်ခုအတွင်းမှ အကြမ်းဖက်သောင်းကျန်းသူ ၄ ဦးကို လက်နက် ၅ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိသူများမှာ TNLA ယူနီဖောင်းဝတ် ၁ ဦး၊ PDF ယူနီဖောင်းဝတ် ၂ ဦး၊ PDF အယောင်ဆောင် PDF ယူနီဖောင်းဝတ် TNLA တပ်ဖွဲ့ဝင် ၁ ဦးတို့ဖြစ်ပြီး ၎င်းတို့ကို စစ်ကြောမေးမြန်းလျက်ရှိပါတယ်။
-TNLA အရှင်မိ ကျား ၄ ဦး
-အမ်ကေ(၄၇) ၁ လက်
-အမ်အေ(၁) ၂ လက်
-Type-81 ၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။