ရခိုင်ပြည်နယ် သပြုချိုင်ကျွန်း တစ်ဝိုက် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် သပြုချိုင်၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့အရောက် AA သောင်းကျန်းသူအင်အား ၅၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ AA အကြမ်းဖက်များ ထိခိုက်ကျဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်တွင်-
-AA အကြမ်းဖက် ၁၁ လောင်း
-လက်နက်မျိုးစုံ ၉ လက်
-ကျည်အိမ် ၅ ခုနှင့် ကျည်အမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။