ရခိုင်အစွန်းရောက် AA အဖွဲ့အား မွတ်ဆလင်ကျောင်းသားများမှ ဘင်္ဂလားဒေ့ရှ်၌ ဆန္ဒပြ

ဘင်္ဂလာဒေရှ့်နိုင်ငံရှိ မွတ်ဆလင် ဒုက္ခသည်စခန်းမှာ‌နေထိုင်သည့် မွတ်ဆလင်ကျောင်းသားများမှ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်းနေထိုင်သည့် မွတ်ဆလင်များအား လူမျိုးတုံးသတ်ဖြတ်နေသည့် ရခိုင်အစွန်းရောက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အား ဆန္ဒပြခဲ့တယ်လို့ သိရှိရပါတယ်။

ထိုသို့ဆန္ဒပြတောင်းဆိုရာတွင် “ဘူးသီတောင်းမြို့နယ်မှာ ရခိုင်အစွန်းရောက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ မွတ်ဆလင်လူမျိုး ၂၀၀၀ ကျော်ကို တမင်တကာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့မှာ မွတ်ဆလင် များနေထိုင်ရာရွာများကို မီးရှို့ခဲ့ကြောင်း၊ မွတ်ဆလင်များအား ၎င်းတို့နေထိုင်ရာနေရာမှ ၎င်းတို့စခမ်းရှိရာနေရာများသို့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားပြီး လူသားတံတိုင်းအဖြစ် အသုံးပြုနေကြောင်း၊ မွတ်ဆလင်လူငယ်များကို မတရားဖမ်းဆီးပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေကြောင်း၊ အလားတူ မောင်တောမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက် နှင့် ၆ ရက်အတွင်း ရိုဟင်ဂျာအရပ်သား ၃၅၀ ကျော်ကို အစုံလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ကြောင်း၊ နေထိုင်ရာ ရွာတစ်ချို့ကိုလည်း တမင်တကာ မီးရှို့ခဲ့ကြောင်း၊ မွတ်ဆလင်ရွာများမှ အိမ်များအား ဖောက်ထွင်းကာ ပစ္စည်းများကိုလည်း လုယူနေကြောင်း၊ အဆိုပါအကြမ်းဖက်မှုများအား ရပ်တန်းကရပ်ပေးရန်တောင်းဆိုကြောင်း” စသည့်အကြောင်းအရာများ ထည့်သွင်း ပြောဆိုကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။

//MinChitOo