ရုရှားနိုင်ငံထဲကို ယူကရိန်းတပ်တွေ ဝင်ရောက်တိုက်ခိုက်မှု ငါးရက်မြောက်နေ့ တိုက်ပွဲပြင်းထန်

ယူကရိန်းတပ်တွေဟာ ရုရှားနိုင်ငံထဲကို အံ့အားသင့်ဖွယ် နယ်စပ်ဖြတ်ကျော် တိုက်ခိုကမှုဟာ ငါးရက်ရှိလာပြီး ကွတ်ခ်ဒေသမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရန်သူ ၂၈၀ လောက်သေဆုံးခဲ့တယ်လို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ယူကရိန်းတပ်တွေကို ဆက်လက်ချေမှုန်းနေတယ်လို ဆိုပါတယ်။ ဒါပေမယ့် ဒီသေဆုံးမှုကို သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။