ဒုက္ခကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ (၂) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့

ယူအေအီးနိုင်ငံ အဘူဒါဘီမြို့သို့ သွားရောက်အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ ညီအစ်မ (၂)ဦးအား မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့က သက်ဆိုင်ရာနိုင်ငံသံရုံးများနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့သို့ သွားရောက် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မအိအိထွန်းနှင့် မအိဇင်ထွန်းတို့ ညီအမနှစ်ဦးအား အမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရေး မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ယူအေအီးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

crd//