ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတရှာဟာဘတ်ဒင်နှင့် ခွဲခြားဆက်ဆံမှုဆန့်ကျင်ရေး ကျောင်းသားများ၏လှုပ်ရှားမှုအဖွဲမှ ညှိနှိင်းဆွေးနွေးသူများက နိုင်ငံအုပ်ချုပ်ရေးတာဝန်ယူမည့် ယာယီအစိုးရအား နိုဘယ်လ်ဆုရှင် ဒေါက်တာ မူဟာမက် ယူနတ်စ်က ဦးဆောင်သွားရန် ဩဂုတ်လ ၆ ရက်က ညှိနှိင်းသဘောတူခဲ့ကြကြောင်း သိရသည်။
သမ္မတ၏ပြန်ကြားရေးတာဝန်ခံ ဂျွိင်နယ်အဘီဒင်ကလည်း အဆိုပါသတင်းမှန်ကန်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ ၎င်းက ယာယီအစိုးရ အဖွဲဝင်များအတွက် နိုင်ငံရေးပါတီများ၏ အကြံပေးချက်များပြီးနောက် အပြီးသတ်ဆုံးဖြတ်သွားမည်ဟုလည်း ပြောခဲ့သည်။
ခွဲခြားဆက်ဆံမှုဆန့်ကျင်ရေး ကျောင်းသားများ၏လှုပ်ရှားမှုအဖွဲမှ အဖွဲဝင် ၁၃ ဦးက ဒက်ကာမြိုရှိ ဘင်ဂါဘာဟန်သမ္မတ အိမ်တော်သို သွားရောက်ကာ နိုင်ငံ၏လက်ရှိအခြေအနေနှင့်ကြားဖြတ်အစိုးရနှင့် ပတ်သက်၍ အကြမ်းဖျင်းဆွေးနွေးခဲ့ကြခြင်းဟုလည်း သိရသည်။ ၎င်းတိုက ဩဂုတ်လ ၆ ရက် ညနေ ၆ နာရီတွင် သမ္မတနှင့် စစ်တပ်အကြီးအကဲများနှင့် ဘင်ဂါဘာဟန် သမ္မတအိမ်တော်တွင်တွေ့ဆုံခဲ့ကြခြင်း ဟုလည်းသိရသည်။
အသက် ၈၄ နှစ် ပြည့်ပြီဖြစ်သော ဒေါက်တာ မူဟာမက် ယူနတ်စ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူမှုရေးလုပ်ငန်းရှင်၊ ဘဏ်လုပ်ငန်းရှင်နှင့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ကာ Grameen ဘဏ်ကိုတည်ထောင်ခဲ့ကာ အသေးစားချေးငွေနှင့် အသေးစားငွေရေးကြေးရေးဆိုင်ရာသဘောတရားများကို ရှေ့ဆောင်လုပ်ဆောင်ခဲ့ခြင်းကြောင့် ၂၀၀၆ ခုနှစ်တွင် နိုဘယ်လ်ဆုရရှိခဲ့သည်။
Ref- Dhaka Tribune
Translated by Htwe Ko Tun