စိတ်ကို ပြုပြင်တတ်လာတဲ့အခါ
ဘဝတွေဟာ ပိုလှပလာတယ် ။
မတတ်နိုင်တဲ့ကိစ္စတွေမှာ
သောကမဖြစ်အောင်နေတတ်လာတဲ့အခါ
ဘဝက ပိုရင့်ကျက်လာကြတယ် ။
ခွဲခွာ ပျက်စီးတွေဆိုတာက
ကိုယ်မကြုံချင်လည်း တွေ့ရမှာဖြစ်လို့
ဝမ်းနည်းစိတ်ပူနေမယ့်အစား
မမြဲခြင်းတရားနဲ့ အစားထိုးပြီးတော့
ကိုယ့်စိတ်ကို တည်ငြိမ်အောင်ထားပါ ။
မပျက်အောင်လုပ်လို မရပေမယ့်
မပူအောင်နေလိုရတဲ့အတွက်
ကိုယ့်ဘက်မှာ မှန်ကန်တရားရှိနေပါစေ ။
ရုပ်ခိုင်မာအောင် ပြင်မရပေမယ့်
စိတ်ခိုင်မာအောင် ကြိုးစားနိုင်ပါတယ် ။
ကင်းအောင် မနေနိုင်ကြပေမယ့်
မေတ္တာနဲ့ တည့်အောင်နေလို့ရပါတယ် ။
လွတ်အောင်မရုန်းနိုင်ကြပေမယ့်
မညစ်ပေအောင် ဆေးကြောနိုင်ပါတယ် ။
ကိုယ့်စိတ်က ဖြူစင်လာတဲ့အခါ
အေးချမ်းစွာနဲ့ နေထိုင်နိုင်ကြပါတယ် ။
🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏