လားရှိးသတင်းတွေအနေနဲ့ ယနေ့ နေ့လည်ပိုင်းအချိန်အထိ မိမိသလောက်ပြောရရင် လားရှိး၊ တိုက်(၉)လုံး နေရာတဝိုက်မှာ ရောက်နေတဲ့ အကြမ်းဖက်သူပုန် ၁၀၀ ခန့်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သလို အမြောက်များဖြင့်လည်း ချေမှုန်းနေသံကြားရပါတယ်။ ရန်သူထိခိုက်မှုကိုတော့ နယ်မြေသွားပြီးတဲ့အခါမှ ထပ်မံတင်ပေးပါမယ်။အကြမ်းဖက်သူပုန်တွေဟာ လားရှိးရှိ လူနေရပ်ကွက်များနဲ့ တိုင်းအတွင်းကို ရှော့တိုက်ဒုံးများဖြင့် ရမ်းသန်း ပစ်ခတ်နေလို ရပ်ကွက်အချိုတွင် ဒုံးသီးကျပြီး မီးလောင်မှုတွေ ဖြစ်နေပါတယ်လို သိရပါတယ်။ရန်သူဟာ ယခင်နေ့တွေလောက် ပစ်ခတ်မှုများ ပြင်းပြင်းထန်ထန်မရှိတော့ဘဲ ရံဖန်ရံခါသာ တိုက်ပွဲဖြစ်သံ ကြားရပါတယ်။ တပ်မတော်အနေနဲ့ စွန့်လွှတ်နေရာများအား ပြန်လည်သိမ်းယူလျက်ရှိပြီး မြိုပေါ်ရှိ ရန်သူ ဝင်ရောက်ရာနေရာတွေကိုလည်း နယ်မြေရှင်းစစ်ကြောင်းများက လေကြောင်းကင်းထောက်၍ အပိုင်းလိုက် ရှင်းလင်းလျက်ရှိပါတယ်။ အချိုနေရာတွေမှာ ရန်သူ့အလောင်းများနဲ့ လက်နက်တွေ သိမ်းဆည်းရရှိထား ပါတယ်။ ဆေးရှိန်ကုန်လာပြီဖြစ်တဲ့ ရန်သူဟာလည်း လက်နက်စွန့်၍ အရပ်ဝတ်များလဲကာ ထွက်ပြေးမှုတွေ ရှိနေတယ်လိုလည်း အမာခံများထံက သတင်းရရှိပါတယ်။
တပ်မတော်အနေနဲ့ စစ်ဆင်ရေးတွင် ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်သူများကို စစ်မြေပြင်အဆင့်တိုးများ၊ စွမ်းရည်ဘွဲတံဆိပ်များ ပေးအပ်ပြီး တိုက်စစ်အရှိန် မြှင့်တင်လျက်ရှိပါတယ်။ စစ်မြေပြင်အဆင့်တိုးရရှိသူများ တွင် တပ်မတော်(လေ)မှာ Pilot များလည်း ပါဝင်တာတွေ့ရှိရပါကြောင်း ရေးသားလိုက်ပါတယ်။