🌷မမြဲခြင်းအသိတွေ မြဲပါစေ🌷
မရှိတော့
တစ်ခုခုဆို ပူနေစရာလည်းမလိုသလို
ပျက်စရာအကြောင်းလည်း
မရှိတော့လို့ စိတ်ချစွာနေရပါတယ် ။
ရှိခြင်းကပြဿနာတော့မဟုတ်ပါဘူး
ငါ့ဟာလို့ စွဲလန်းထားမှုက
ကြီးတဲ့ ပြဿနာကို ဖြစ်စေတာပါ ။
ငါနှင့်စပ်နေတဲ့အရာတွေက
ကိုယ့်ကို ကောင်းကောင်းကြီးကို
သောကဒုက္ခတွေ ဖြစ်စေနိုင်ပါတယ် ။
တစ်ခြားမသိမရင်နှီးရင်
ဘယ်လောက်ပဲ ပျက်စီးနေပါစေ
ကိုယ့်စိတ်က မတုန်လှုပ်ကြပါဘူး ။
ဘာဖြစ်လို့လည်းဆိုတော့
မိမိနှင့်မပတ်သက်ကြလို့ဖြစ်သလို
မဆိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ် ။
ကိုယ့်အပေါ်မှာ ဂရုစိုက်
ကောင်းလွန်ရင်သတိထားစရာပါပဲ ။
အဲ့ဒီသူတွေ ပျက်စီးရင်
ကိုယ့်မှာ အကြီးအကျယ်ခံရခက်မယ်
စိတ်သောကတွေ ရောက်ရပါတယ် ။
သက်ရှိသက်မဲ့တွေဟာ
အခိုက်တန့်လေးပဲ ရှိနေကြတာလို့
ကိုယ့်စိတ်ကို သတိပေးထားပြီးတော့
အချိန်တန်ရင်ပျက်ရအုံးမယ်
အချိန်စေ့ရင် ခွဲကြရအုံးမယ်လို့
ကိုယ့်အသိမှာလည်း အမြဲစွဲမြဲထားပါ ။
🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏