မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်သည့် မြန်မာ-ရုရှားနှစ်နိုင်ငံ ဗိုလ်လောင်းများ သေနတ်ပစ်ပြိုင်ပွဲကို ဗထူးတပ်မြို့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)ရှိ မီတာ ၆၀၀ အာဆီယံစက်ပစ်ကွင်း၌ ဇူလိုင် ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ ဒုတိယတပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့် နှင့် အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များ၊ ရုရှားနိုင်ငံရုရှားတပ်မတော် သေနတ်ပစ်အသင်းမှ အဖွဲ့ခေါင်းဆောင် Major Mikhail GLADYSHEV၊ နည်းပြအရာရှိများနှင့် ပြိုင်ပွဲဝင် ဗိုလ်လောင်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲကို မြန်မာ-ရုရှားနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်စေရန်၊ နှစ်နိုင်ငံဗိုလ်လောင်း များ ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန်နှင့် နှစ်နိုင်ငံသေနတ်ပစ် အားကစားနည်းစနစ်ဖလှယ်နိုင်ရန်အတွက် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။