ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း ဇူလိုင် ၂ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်မှုဖြစ်ပေါ်ခဲ့ပြီး တနိုင်းမြို့အတွင်းရှိ ရပ်ကွက်များအတွင်းသို့ မြစ်ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည်။
ယခုအခါမြစ်ရေပြန်လည် ကျဆင်းသွားပြီဖြစ်သဖြင့် တနိုင်းမြို့၊ ဆင်ဆာ့ကောင်းရပ်ကွက်ရှိ ဇေယျာသီရိပရိယတ္တိစာသင်တိုက်၌ ဇူလိုင်လ ၈ ရက်နေ့က နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲဝင်များနှင့် ဌာနဆိုင်ရာများ စုပေါင်း၍စာသင်တိုက်အတွင်းရှိ စေတီပုထိုးများ၊ ကျောင်းဆောင်များအတွင်း ကျန်ရှိနေသော နှုန်းများ၊ သဲများနှင့် အမှိုက်များရှင်းလင်းခြင်း၊ ရေမြောင်းများ တူးဖော်ပေးခြင်းနှင့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြတယ်လို့သိရပါတယ်။ #Crd

