တရားသောစစ်အောင်မြင်ပါစေ

တပ်

တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဟူသော ဆောင်ပုဒ် ပေါ်ထွန်းခဲ့သည်မှာ နှစ်ကာလအားဖြင့် ရှည်ကြာခဲ့ပြီဖြစ်သည်။ နှစ်ကာလတွေ မည်သို့ပင်ရှည်ကြာပါစေ နိုင်ငံအတွက် မရိုးနိုင်သော အသိပေး ဆောင်ပုဒ်တစ်ခုဖြစ်ပေသည်။ နိုင်ငံတစ်နိုင်ငံအတွက် ထိုနိုင်ငံရှိ တပ်မတော်သည် အင်အားတောင့်တင်း ခိုင်မာကျစ်လျစ်မှုမရှိလျှင် ထိုနိုင်ငံ၏ အနာဂတ်သည် ဘေးဒုက္ခများစွာနှင့် ရင်ဆိုင်နေရပေလိမ့်မည်။ မြန်မာတို့အတွက် သမိုင်းသင်ခန်းစာပေါင်း များစွာရှိခဲ့ပြီးဖြစ်သည်။ တပ်မတော် အင်အားရှိသည့်အခါတိုင်း မြန်မာတို့ ဂုဏ်သိက္ခာမြင့်မားခဲ့သည်။