ဘားအံမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် ၅၉၀၀ သန်းဖြင့် အဆင့်မြင့်ဈေး တည် ဆောက်

ကရင်ပြည်နယ်၏ မြို့တော် ဘားအံမြို့တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် (၅၉၀၀) သန်းဖြင့် ဆိုင်ခန်းပေါင်း (၁၆၄) ခန်း ပါဝင်သည့် Hyper Market( အဆင့်မြင့်ဈေး) တည်ဆောက်သွားမည့် မြေနေရာ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ဇူလိုင်လ ၄ ရက် နံနက် (၈) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ဘားအံမြို့ ရွှေယဉ်မြော်ဘုရားအနီးတွင် တည်ဆောက်မည့် အဆိုပါဈေးသစ်ကြီးကို Kayin State Development (Public) ကုမ္ပဏီလီမိတက်၏ ဦးဆောင်ကာ အောင်ငွေဖူးကုမ္ပဏီလီမိတက်က တာဝန်ယူ၍ မြေဧရိယာ ၃ ဒဿမ (၆၄၂) ဧကပေါ်တွင် ၂၀ ပေ x ၅၀ ပေ x RC ၂ ထပ် အဆင့်မြင့် လူနေဆိုင်ခန်း (၁၀) လုံး၊ ၃၀ ပေ x ၅၀ ပေ x RC ၂ ထပ် အဆင့်မြင့်လူနေဆိုင်ခန်း ၁ လုံး၊ ၁၀၀ ပေ x ၁၀၀ ပေ x RC ၄ ထပ် Hyper Market တည်ဆောက်သွားမည်ဖြစ်တယ်လို့သိရပါတယ်။ #Crd