ပခုက္ကူမြို့နယ်၊ ရွှေတန့်တစ်ကျေးရွာအနီးရှိ ဆင်မင်းသစ်ဆိပ်မှ သစ်များကို ခိုးထုတ်နေသည့် PDF အကြမ်းဖက်သမားများကို ဇွန်လ ၁၈ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံရှင်းလင်းရာတွင် PDF အကြမ်းဖက်သမား (၃)ဦး အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဆင်မင်းသစ်ဆိပ်မှ ပိတောက်ခွဲသားများကို PDF အကြမ်းဖက်သမား (၄၀)ဦးမှ Faw/ Dump Truck ကား (၃)စီးဖြင့် လာရောက်ယူဆောင်သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် ရှင်းလင်းဆောင်ရွက်ခဲ့ပါတယ်။
ဖြစ်စဉ်အတွင်း PDF အကြမ်းဖက် သမား(၃)ဦး သေဆုံးသွားပြီး ၎င်းတိုကိုင်ဆောင် လာသည့် BA-63 သေနတ်(၂)လက်၊ ၁၂ ဗို့ ပြောင်းချောသေနတ် (၁)လက်၊ BA-63 ကျည်အိမ် (၃)ခု၊ ၁၂ ဗို့ ကျည်အိမ် (၁)ခုနှင့် ၎င်းကျည် ၇ တောင့်၊ ၇.၆၂x၅၁ မမကျည် (၆၀)တောင့်တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။ #Crd