ဇွန် ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။
မွန်ပြည်နယ်
သံဖြူဇရပ်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် စခန်းကြီးရွာ၏ အရှေ့မြောက်ဘက် မီတာ ၅၀၀ ခန့်အကွာသို့အရောက် အရပ်ဝတ် ဝတ်ဆင်ထားသည့် KNLA တပ်မဟာ (၆)၊ ရင်း(၁၆) နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၂ ဦးခန့်အား မိုင်းထောင်နေသည်ကို တွေ့ရှိသဖြင့် ပစ်ခတ်ခဲ့။
အကြမ်းဖက် ၂ လောင်း၊ လက်လုပ်မိုင်း ၁ လုံး၊ ဝါယာကြိုး ၁ ခွေ သိမ်းဆည်းရမိခဲ့။
တနင်္သာရီတိုင်း
ပုလောမြို့ပေါ်ရှိ အရပ်ဘက်ပစ်မှတ်များအား တိုက်ခိုက်ရန် ပျံသန်းရောက်ရှိလာသော Fixed Wing အမျိုးအစား Drone တစ်စီးအား လုံခြုံရေးအဖွဲ့ဝင်များက တွေ့ရှိသဖြင့် လက်နက်ငယ်များဖြင့် ပစ်ချတိုက်ခိုက်ခဲ့။
ရန်သူ့ Drone ၁ စီး သိမ်းဆည်းရမိခဲ့။
စစ်ကိုင်းတိုင်း
စစ်ကိုင်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် တစ်အိမ်တည်းကျေးရွာ၏ တောင်ဘက်မီတာ ၁၀၀ ခန့်အကွာသို့အရောက် အကြမ်းဖက်အင်အား ၄၀ ဦးခန့်က လက် လုပ်ဆွဲမိုင်း ၂ လုံးဖောက်ခွဲပြီး ၄၀ မမ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။
အကြမ်းဖက် ၁ လောင်း၊ လက်လုပ်သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့။
မကွေးတိုင်း
တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ပခုက္ကူမြို့၏ အရှေ့ဘက်ရှိ ရွှေတန်းတစ်ရွာ၊ ဆင်မင်းသစ်ဆိပ်ရှိ ပိတောက်ခွဲသားများအား အကြမ်းဖက်အဖွဲ့မှ ယာဉ် ၃ စီးဖြင့် ခိုးယူသယ်ဆောင်နေမှုကို သွားရောက်ဖမ်းဆီးခဲ့ရာ အကြမ်းဖက် ၁၅ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။
အကြမ်းဖက် ၃ လောင်း၊ ဘီအေ(၆၃) ၂ လက်၊ အမ်ကေ (၁၂) ၁ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၆၇ တောင့် သိမ်းဆည်းရမိခဲ့။
PDF အမည်ခံအကြမ်းဖက်သမားများဟာ နွေဦးတော်လှန်ရေးအမည်ခံ လက်နက်ဆွဲကိုင်ပြီး ပြည်သူလူထုထံမှ မထည့်မနေရ ငွေကြေးကောက်ခံခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ လက်လှမ်း မမှီသည့် နေရာများတွင် ဂိတ်ဖွင့်ငွေကြေးတောင်းခံခြင်း၊ တရားမဝင်သစ်မှောင်ခိုလုပ်ခြင်း စသည့်လုပ်ရပ်များကြောင့် ပြည်သူလူထုမှ ၎င်းတို့အပေါ် ထောက်ခံအားပေးမှုများ မရှိတော့ဘဲ ယခုကဲ့သို့ သတင်းများပေးပို့လာကြောင်း သိရပါတယ်။ #Crd