ကယားပြည်နယ်တွင် ဝန်ထမ်းများနှင့် နေရပ်ပြန် ပြည်သူများအားထောက်ပံ့

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် နေရပ်ပြန်ပြည်သူများအား ထောက်ပံ့ငွေ၊ အခြေခံစားသောက်ကုန်၊ ဆောက်လုပ်ရေးပစ္စည်းနှင့် ရုံးသုံးစက်ကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်ခန်းမ၌ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အသီးသီးမှ နေရပ်ပြန်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။ အကြမ်းဖက်သမားတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူတွေ ပြန်လည်နေထိုင်နိုင်ရန်အတွက် လိုအပ်သည်များကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်ရှင်…