ဇွန် ၈ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၌ စစ်ဆေးမှုများဆောင်ရွက်ရာ မြစ်ငယ်စစ်ဆေးရေးစခန်း၌ ဆီသယ်ယာဉ်တစ်စီးပေါ်မှ
-တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီဂါလန် ၃၂၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄,၄၆၄,၀၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Nissan Diesel Bowser တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၀၀၀,၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း၊
-မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Super Glue ၃၀၀၈ ထုပ်၊ Tamaring Juice ဘူး ၃၀၀၊ ကလေးစီးစက်ဘီး ၁၆၈၂ စီးနှင့် Screen Protector Glass အပါအဝင် ကုန်ပစ္စည်း ခုနစ်မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၆,၂၅၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Bus တစ်စီးနှင့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၅,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊
-ကျွဲတပ်ဆုံစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် ပိတ်လိပ် ၁၂,၆၀၀ ကီလိုဂရမ်၊ Fruit Stick အခု ၈၀ အပါအဝင် ကုန်ပစ္စည်း ၁၆ မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၄,၈၃၄,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာ သည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၇,၅၅၃,၀၀၀)ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်
ထို့အပြင် ဇွန် ၈ ရက်နှင့် ၉ ရက်တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတားပူးပေါင်း စစ်ဆေးရေးဂိတ်၌ တရားဝင်သယ်ဆောင်ခွင့် အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Chang Beer သံဘူး ၉၆၀ ၊ Grand Royal Whisky ပုလင်း ၃၀၀ အပါအဝင် ကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၂၄၀,၀၀၀)ကို ယစ်မျိုးဥပဒေအရလည်းကောင်း၊
-လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်းစုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၂၄၀,၀၀၀)ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်
ဇွန်လ ၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူ ခရိုင်နှင့် ပြည်ခရိုင်တိုအတွင်း၌ တရားမဝင် ကျွန်းသစ် ၇ ဒသမ ၀၀၀ တန်၊ သစ်မာသုညဒသမ ၆၁၉ တန်နှင့် အခြားသစ် ၈ ဒသမ ၀၉၈ တန် စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၄,၇၈၈,၆၂၃)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်
ဇွန် ၈ ရက်နှင့် ၉ ရက်တိုတွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာအမှုတွဲ(၁၆)မှု (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၃၉၆,၅၈၁,၆၂၃)ဖြစ်ကြောင်း သိရပါတယ်…
#Crd_PAN