ဆေးကုသရေးအဖွဲ့ ကရင်ပြည်နယ် ဘားအံမြို့သို့ ကွင်းဆင်း ဆေးကုသ

ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို သက်ဆိုင်ရာပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံကာ လိုအပ်သောကုသမှုများရရှိနိုင်စေရန် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့မှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်ပေးနေကြောင်း သိရပါတယ်