စိတ်ထားဖြူစင်နေပါစေ

အသိဥာဏ်က သာရင်
လောကဓံက မစွာနိုင်တော့ပါဘူး ။

ဆိုးကောင်း ဘယ်လိုတွေ့တွေ့
ဖြစ်ပြီးရင် ပျက်ကြရတာဓမ္မတာပါ ။

အောင်မြင်လို့လည်း မာန်မတက်နဲ့
စိတ်ကောင်းလေးနဲ့ ရှေ့ဆက်ပါ ။

ကျော်ကြားလို့လည်း ဘဝမမေ့နဲ့
တရားမမေ့စွာဖြင့် နေထိုင်ပါ ။

တိုက်ခိုက်ခံရလည်း စိတ်မပျက်နဲ့
တရားအသိနဲ့ ခွင့်လွှတ်ပေးလိုက်ပါ ။

လူအမျိုးမျိုး စိတ်အထွေထွေနဲ့
တုန့်ပြန်ဆက်ဆံတတ်ကြတာမို့လို့

ထင်ချင်သလိုထင်
မြင်ချင်သလိုမြင်နေကြပါစေ

ကိုယ့်ဘဝဟာ သူတို့ထင်မြင်သလို
မဟုတ်ဘူးဆိုရင်
ဘာကိုမှဂရုစိုက်နေဖို့မလိုပါဘူး ။

ကိုယ့်စိတ်က ဖြူစင်နေသ၍တော့
ကိုယ့်ဘဝဟာ မြင့်မြတ်နေပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏