AA အကြမ်းဖက်ခေါင်းဆောင် ထွန်းမြတ်နိုင်ဦးဆောင်တဲ့ ရခိုင်AAအကြမ်းဖက်တပ်ဖွဲ့ဝင်တွေဟာ ချင်းဒေသမှာ အလယ်တန်းကျောင်းသူပါမချန် သက်ငယ်မုဒိမ်းကျင့်ပြီး ကိုယ်ဝန်ရမှပြန်လွှတ်ပေးနေတယ်လို Global Khumi Organization (GKO)က ထုတ်ပြန်ထားပြီး ဒီလိုမျိုး AAတပ်ဖွဲ့ဝင်တွေရဲ့ သက်ငယ်မုဒိမ်းကျင့်မှုလုပ်ရပ်ကို ရှုတ်ချကြောင်း GKO ရဲ့ ထုတ်ပြန်ချက်ကို ချင်းမီဒီယာတွေ၊ချင်းအဖွဲ့အစည်းတွေ၊ ချင်းတိုင်းရင်းသားတွေက ထုတ်ပြန်ချက်မှန်ကန်ကြောင်း ပြန်လည်မျှဝေထောက်ခံနေကြပါတယ်။
ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ကို ၂၀၂၄ ဇန်နဝါရီလမှာ အပြီးသတ်သိမ်းပြီး ရက္ခိတလမ်းစဉ်အတိုင်း အုပ်ချုပ်ရေးလုပ်ငန်းဖော်ဆောင်ရာမှာ ဒေသခံ ချင်းလူမျိုးတွေအပေါ် အကြမ်းဖက်မှုပေါင်းစုံ၊ လူအခွင့်အရေးချိုးဖောက်မှုမျိုးစုံနဲ့ ဒေသတွင်းတရားမဝင်မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူးခြင်းတို ကျယ်ပြန့်စွာလုပ်လာတာကြောင့် AA ရဲ့ ဒေသခံချင်းလူမျိုးတွေအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေလုပ်ဆောင်နေကြောင်းကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့အစည်းက ပြောဆိုလိုက်တယ်လို့သိရပါတယ်။ #Crd



