မေလ ၃၁ ရက်နေ့ မနက်ပိုင်းက ရခိုင်ပြည်နယ်၊ ကျောက်တော်မြိုရှိ AA နယ်မြေမှူးဆိုသူ ရုံးထိုင်နေတဲ့နေရာရှေ့မှာ ရုတ်ရုတ်သဲသဲ ဆန္ဒပြမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အကြောင်းအရင်းမှာ ပီချောင်းဒေသမှ အမျိုးသမီး ၁၀၀ နီးပါး ကလေးတွေချီပြီး သူတို့ရဲ့ အမျိုးသားတွေ၊ သားတွေကို AA ထဲခေါ်သွားတာ ၄ လလောက်ရှိပြီဖြစ် ကြောင်း၊ အခုထိ သေလားရှင်လား မသိရကြောင်း၊ မိုးလည်းကျလာပြီ အလုပ်လုပ်မယ့် ယောက်ျားသားမရှိလို့ ငတ်နေရကြောင်း၊ တာဝန်ယူမှု မရှိကြောင်း စသဖြင့် ရန်တွေ့ဆန္ဒပြကြတာဖြစ်တယ်လို့ သိရှိရပါတယ်။
AA လူသစ်စုမှုများမှာ ရခိုင်ပြည်နယ် အနှံအပြား ဖြစ်ပေါ်လျက်ရှိပြီး အချို့မှာ AA ထဲတွင် သက်ရှိတာဝန်ထမ်းနေသော်လည်း အများစုမှာ စစ်မြေပြင်တွင် သေဆုံးသွားကြပါပြီ။ သို့သော် မိသားစုများအား အသိပေးခြင်းမရှိပါ။
AA သောင်းကျန်းသူအဖွဲ့အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှုမရှိသဖြင့် ယခုလို ရခိုင်တို၏ ရှားရှားပါးပါးဆန္ဒပြမှု ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း သုံးသပ်ရ။ #Crd