ကလေးမှာ ကျပ်သိန်း ၂၇၅၀၀ ခန့်ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

🛑🛑🛑🛑🛑🛑🛑🛑🛑

မေ ၃၁ ရက်တွင် လုံခြုံရေးအဖွဲ့ဝင်များမှ မူးယစ်ဆေးဝါးသတင်းအရ ကလေးမြို့ အေးသာယာကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်၌ စောင့်ဆိုင်းနေစဉ် ယာဉ်မောင်း ဝင်းအောင်ထွန်း အသက်(၆၂)နှစ်နှင့် ယာဉ်နောက်လိုက် တင်မောင်လှ(၅၇)နှစ် မောင်းနှင်လာသော MITSUBISHI FUSO FIGHTER အမျိုးအစား အဖြူရောင် ၆ ဘီးယာဉ်အား မသင်္ကာ၍ အသေးစိတ်စစ်ဆေးခဲ့ရာ ဆာလာအိတ် ၂၅ အိတ်ဖြင့်ထည့်ထားသော ဘိန်းဖြူအလေးချိန် ၅၅ ကီလိုဂရမ်(ကာလတန်ဖိုး သိန်း ၂၇၅၀၀ကျပ်)နှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။