ယခုနှစ်တွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ်သင်္ဘော ၂၅၉ စင်း ဝင်ရောက်ဆိုက်ကပ်

ပြည်တွင်းသို့ လာမည့်ဇွန်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် အစင်း (၅၀) ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရပါတယ်။

ယခုနှစ်တွင် ကုန်သေတ္တာတင်ယာဉ်များ ဝင်ရောက်ဆိုက်ကပ်မှုအနေဖြင့် ဇန်နဝါရီ လတွင် (၄၉) စင်း၊ ဖေဖော်ဝါရီလတွင် (၅၃) စင်း ၊ မတ်လတွင် (၅၅) စင်း၊ ဧပြီလတွင်လည်း (၅၀) စင်း၊ မေလတွင် (၅၂) စင်း စုစုပေါင်း ၂၅၉ စင်းဝင်ရောက် ဆိုက်ကပ်ခဲ့ကြောင်း သိရပါတယ်။