မောင်တောမှာ တပ်က ဒေသခံ ၈၀ နီးပါးကို ဖမ်းဆီးထားဆိုတဲ့ ဂျင်းသတင်း

မေလ ၂၇ ရက်နေ့ မောင်တောမြို့နယ်တွင် ဒေသခံများအား လုံခြုံရေးတပ်ဖွဲ့များမှ ဖမ်းဆီးခြင်းမရှိဘဲ ဝိမလရပ်ကွက်၊ အိမ်အမှတ် (၂၀၈)၊ ဦး မြင့်နိုင်ထူး(ခ) ဦးအောင်ကျော်ထွန်း နေအိမ်တွင် WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးဝါး ၇၅၀၀၀၀ ပြား (ကာလတန်ဖိုး ၁.၅ ဘီလီယံကျပ်) ကို ဖမ်းဆီးခြင်းသာဖြစ်သော်လည်း Ayeyarwaddy Times မှ AA လက်ဝေခံများထံမှ မူးယစ်ဆေးဝါးများ အများအပြားဖမ်းဆီးခံရခြင်းကို ဖုံးကွယ်စေရန် တစ်ဖက်လှည့်ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တမင်အပုတ်ချကာ ဗြောင်လိမ်ရေးသားထားခြင်းသာဖြစ်ပါတယ်။