နုကြည်ကဗျာရေးတဲ့ဆရာခြိမ်းခြောက်ခံနေရ

NUG အဖွဲ့နဲ့ NUG လက်ဝေခံ PDF အကြမ်းဖက်သမားတွေဟာ သူတို့ကိုမထောက်ခံတဲ့သူမှန်သမျှကို ငါနဲ့မတူငါ့ရန်သူလို့ သဘောထားပြီး ဖမ်းဆီးသတ်ဖြတ် ညှင်းပန်းနှိပ်စက်မှုတွေလုပ်နေပါတယ်။ အခုလည်း NUG အဖွဲ့ရဲ့လုပ်ရပ်တွေကို မေးခွန်းထုတ်သလိုမျိုးရေးသားခဲ့တဲ့ ကဗျာဆရာ ဆန်းကျော်ဝင်းကို NUG က အသက်အန္တရာယ်ခြိမ်းခြောက်လာတဲ့အတွက် သူရေးသားထားတာတွေကို တောင်းပန်ကြောင်းပြောဆိုခဲ့တယ်လို့သိရပါတယ်။
အမှန်တရားဆိုတာ ခါးသီးတယ်ဆိုတဲ့အတိုင်းပဲ ကဗျာဆရာရဲ့ကဗျာစာသားအချို့ကို ဖော်ပြပေးလိုက်ပါတယ်..
မမနုကြည်
ထိုင်းမှာ
မြန်မာတွေ အိမ်ဝယ်ကြတာ
ရုရှားထက် ကျော်သွားသတဲ့

မမနုကြည်တို့အိမ်များ
တစ်လုံးတလေ ပါနေရဲ့လား

မပါဘူးလို့ ယုံချင်တယ် ။

မမနုကြည်ဟာ
ဖောက်ပြန်ရေးသမားမဟုတ်
ဆီဦးထောပတ်စားပြီး ဇိမ်ယစ်မူးသူမဟုတ်
လူထုချွေးနှဲစာကို တစ်သျှူးလုပ် သုတ်မယ်မဟုတ်

အဲဒီလို ယုံကြည်ချက်ကို
မချိုးဖျက်ဖို့ မျှော်လင့်တယ် ။

( ၂၁ )

မမနုကြည်ရေ..

ရေနစ်နေတဲ့ အညာသားတွေ
နောက်ဆုံးဆွဲမိတဲ့ကောက်ရိုးဟာ မမနုကြည်

အသက်ရှူကြပ်နေတဲ့ အညာသားတွေ
နောက်ဆုံးသွင်းမိတဲ့အောက်ဆီဂျင်ဟာ မမနုကြည်

မမနုကြည်ရဲ့
တကယ်ငြိမ်းချမ်းရာနယ်မြေဟာ
အညာဒေသဖြစ်လာမှာ

မမနုကြည်ရဲ့
လွတ်မြောက်ရာ အစစ်ဟာ
အညာဒေသဖြစ်လာမှာ

ပြည့်နေတဲ့အိုးကို ထပ်ဖြည့်မှာလား
ဖြူးနေတဲ့လမ်းကို ထပ်ခင်းမှာလား ။

ဆန်းကျော်စွာဝင်း