မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷ကုသိုလ်အပျော် ဓမ္မအဖော်🌷

ဘာနဲ့ဖြစ်ဖြစ်
အဆင်ပြေပါတယ်ဆိုတဲ့စိတ်မျိုးကို
ထားတတ်အောင်လေ့ကျင့်ထားပါ ။

လောဘကိုအလိုလိုက်ပြီး
ကောင်းတကာကောင်းတာနောက်ကိုပဲ
အမြဲလိုက်နေလို့ မဖြစ်ပါဘူး ။

မကောင်းတဲ့လောကဓံတွေလည်း
အချိန်မရွေး ရင်ဆိုင်ရတတ်လို့
ကိုယ့်စိတ်ကို ကြိုတင်ပြင်ဆင်ထားပါ ။

ဒေါသကိုရှေ့တန်းတင်ပြီး
မကောင်းအဆိုးမြင်တာနောက်ကိုပဲ
လိုက်နေလို့ အဆင်မပြေပါဘူး ။

ကိုယ့်စိတ်ကိုအေးချမ်းအောင်
သတိလေးနဲ့ နေတတ်ဖို့လိုပါတယ် ။

ကာမဂုဏ်နဲ့စပ်တဲ့အပျော်တွေဟာ
နောက်ဆုံးမှာ ဆင်းရဲရနိုင်လို့

ကုသိုလ်ဓမ္မနဲ့လည်းပျော်တတ်အောင်
ကိုယ်ဘ၀ကို တိုက်တွန်းပေးပါ ။

ဓမ္မအပျော်မဟုတ်တဲ့
တစ်ခြားအပျော်အတုတွေဟာ
နေရာဒေသတိုင်းမှာ ရနိုင်ကြပါတယ် ။

ကုသိုလ်အပျော်ဓမ္မအဖော်ကြတော့
ဒီသာသနာမှာပဲ လွယ်ကူစွာရနိုင်ကြလို့
တန်ဖိုးထားပြီး လက်မြဲဖို့ လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏

မေတ္တာများစွာဖြင့်ပြန်လည်မျှဝေအပ်ပါသည်