မိုးသက်လေပြင်းကြောင့် ကြော်ငြာဆိုင်းဘုတ်ပြုတ်ကျသဖြင့် ၄ ဦးသေဆုံး ၆၀ ကျော်ဒဏ်ရာရ

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာ မေလ ၁၃ ရက်က မိုးရွာသွန်း​ပြီးလေပြင်းမုန်တိုင်းတိုက်ခတ်တာကြောင့် ကြော်ငြာဘုတ်ကြီးတစ်ခုပြုတ်ကျရာမှာ အနည်းဆုံးလူ ၄ ဦးသေဆုံးပြီး ၆၁ ဦးဒဏ်ရာရကာ ၄၀ ကျော်မှာ ကြော်ငြာဘုတ်ကြီးအောက်မှာပိတ်မိနေကြတယ်လို့ ဒေသခံအရာရှိတွေက ပြောခဲ့ကြပါတယ်။

ရုတ်တရက် ပြင်းထန်စွာ တိုက်ခတ်တဲ့မိုးသက်မုန်တိုင်းကြောင့် ဂတ်ကိုပါ ဆင်ခြေဖုံးဒေသအတွင်း လူသွားလူလာထူထပ်တဲ့လမ်းတစ်ခုဘေးမှာရှိတဲ့ ကြော်ငြာဘုတ်ကြီးက အိမ်တချို့နဲ့ ဓာတ်ဆီဆိုင်တစ်ခုအပေါ်ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။

ပိတ်မိနေသူတွေကို ကယ်ဆယ်နိုင်ဖို့လည်း မီးသတ်၊ ရဲတပ်ဖွဲ့၊ သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့နဲ့ ဒေသအာဏာပိုင်တွေပူးပေါင်းဆောင်ရွက် နေကြကြောင်း သိရပါတယ်။

မွမ်ဘိုင်းမြို့မှာ လေပြင်းမုန်တိုင်းက မေလ ၁၃ ရက်က တစ်နာရီမိုင် ၄၀ မှ ၅၀ အထိ တိုက်ခတ်ခဲ့တယ်လို့ သိရပါတယ်။

Ref- CNA

#Crd_MTnews