ပြစ်မဲ့ဝန်ထမ်းများအားဖမ်းဆီးပြီး ပြန်ပေးဆွဲငွေညှစ်ဖို့ AA ကြံစည်နေပြီလား

မေလ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းမှ ဒေါ်သိမ့်သိမ့်ထွန်း ဦးစီး ဝန်ထမ်း/လုပ်သား ၃၂ တို့သည် ယာဉ် ၈ စီးဖြင့် စီမံကိန်းနေရာမှ သံတွဲသို့ထွက်ခွာလာစဉ် နတ်တော်မော်ဆည် အနီးအရောက်တွင် AA အကြမ်းဖက်သောင်းကျန်းသူ ၂၀ ဦးခန့်က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

ထို့နောက် ဝန်ထမ်း/လုပ်သား ၁၄ ဦးကို ပြန်လွှတ်ပေးလိုက်သော်လည်း ဝန်ထမ်း/လုပ်သား ၁၈ ဦးနှင့် မော်တော်ယာဉ်များအား ဖမ်းဆီးထားတဲ့အတွက် ပြန်ပေးဆွဲငွေညှစ်ဖို့ ကြံစည်နေတာလားဆိုတာ စောင့်ကြည့်ရမှာပါ။