ဧပြီလ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ 💥💥💥💥💥💥💥💥
ကယားပြည်နယ်
ဖယ်ခုံမြို့နယ် ဓမ္မသိဒ္ဓိဘုန်းကြီးကျောင်းအနီးတစ်ဝိုက် နယ်မြေရှင်းလင်းစဉ် နေရာ ၂ နေရာမှ KNDF နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၃၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။
လက်လုပ်ပုလင်းမိုင်း ၃ လံဒး၊ တိုက်မိုင်း ၂ လုံး၊ ရှေ့ထွက်မိုင်းဖြု(စ်) ၄ ခု၊ ကျည်အိမ်မျိုးစုံ ၃ ခု၊ ကျည်မျိုးစုံ ၂၂ တောင့်၊ ပြောက်ကျားယူနီဖောင်း ၃ စုံ သိမ်းဆည်းရမိခဲ့။
ဖားဆောင်းမြို့နယ်မြေခံတပ်ရင်းဌာနချုပ်သို့ KNPP/ KNDF အင်အား ၁၄၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ပြီး ဆုတ်ခွာသွားသည့် ရန်သူနောက်သို့ နယ်မြေရှင်းလင်းစဥ် တောင်ပေါ်ရွာ အနီးသို့အရောက် KNPP/KNDF နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၆၀ ဦးခန့်က ၁ ကြိမ်၊ နေရာ ၃ နေရာမှ အင်အား ၄၅ ဦးခန့်က ဒရုန်း ၁ စီးဖြင့် Drop Bomb ဖြုတ်ချတိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။
KNPP/KNDF ၄ လောင်း၊ အမ်(၂၂) ၃ လက်၊ ဘီအေ(၆၃) ၂ လက်၊ ကျည်အိမ်မျိုးစုံ ၁၁ ခု၊ ကျည်မျိုးစုံ ၁၇၅ တောင့် သိမ်းဆည်းရမိခဲ့။
စစ်ကိုင်းတိုင်း
ကလေးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ပြည်တော်သာကျေးရွာ တောင်ဘက်သို့ အရောက် အကြမ်းဖက်အင်အား ၁၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။
အမ်အေ(၁) ၁ လက်၊ ကာဘိုင် ၁ လက်၊ ကျည်အိမ် ၃ ခု သိမ်းဆည်းရမိခဲ့။
ပဲခူးတိုင်း
စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း၌ အကြမ်းဖက်များ ခိုအောင်းလှုပ်ရှားမှုမရှိစေရေး နယ်မြေရှင်းလင်းစဉ် ရေတာရှည်၏ အရှေ့မြောက်ဘက်သို့အရောက် အကြမ်းဖက်အင်အား ၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။
အမ်(၁၆) ပုံပြောင်း ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၈ တောင့် သိမ်းဆည်းရမိခဲ့။