မီဇိုရမ်ပြည်နယ်၊ Hnahthial ခရိုင်မှာ ရဲတပ်ဖွဲ့တွေက အိုင်ဇောလ်မြို့ကနေ ဆာငါအိုရွာ (Sangau khua) ဘက်ပြေးဆွဲတဲ့ လိုင်းကားပေါ်တွင် ဖောက်ခွဲရေးပစ္စည်းအချောင်း ၉၅၀၀ ကို ယနေ့တွင်ဖမ်းဆီးရမိတယ်လို့ ဒေသတွင်း သတင်းမှာဖော်ပြထားပါတယ်။
ဖမ်းဆီးရမိတဲ့ပစ္စည်းတွေကတော့ Geletin အချောင်း ၈၀၀၀၊ Detonator အချောင်း ၁၅၀၀ တို့ကို ဖောက်ခွဲရေးလိုင်စင်မရှိဘဲ သယ်ဆောင်တာကြောင့် ယာဉ်မောင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဒါကြောင့် ယာဉ်မောင်းကို ပေါက်ကွဲစေတတ်သော ပစ္စည်းဥပဒေဖြစ် အရေးယူထားတယ်လို့သိရတယ်။
သတင်း- EP