မွန်ပြည်နယ်မှာ ပထမဆုံးသော EV Charging Station ဖွင့်လှစ်

မွန်ပြည်နယ်ရဲ့ ပထမဆုံးသော EV Charging Station ကို ကျိုက်ထိုမြို့နယ်၊ ရန်ကုန်- မော်လမြိုင်ကားလမ်းမဘေးမှာရှိတဲ့ “ရွှေကျိုက်ထို” စားသောက်ဆိုင်မှာ မတ်လ ၂၄ ရက်နေ့က ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ပြည်တွင်းစက်သုံးဆီလိုအပ်ချက်ကို လျှော့ချဖို့နဲ့ လေထုညစ်ညမ်းမှုကို လျှော့ချဖို့အတွက် EV ယာဥ်တင်သွင်းမှုကို အခွန်ကင်းလွတ်ခွင့်ပြုထားသလို EV ယာဥ်နဲ့ပတ်သက်တဲ့ သင်တန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ #Crd