🌷သံသရာတွေရှည်နိုင်ပါတယ်🌷
ပေးကမ်းမှုအားနည်းရင်
ဘာ၀တ်၀တ် အရောင်မထွက်သလို
လူသိတဲ့ဂုဏ်လည်း နည်းပါတယ် ။
မေတ္တာတရားခေါင်းပါးရင်
ဒေါသတွေနဲ့ပူလောင်ရတတ်သလို
လူတွေရဲ့မုန်းခြင်းလည်းခံရပါတယ် ။
သီလအားနည်းရင်
ပရိတ်သတ်ထဲမျက်နှာငယ်ရသလို
တမလွန်ဘ၀လည်းဆင်းရဲရပါတယ် ။
ကျေးဇူးသိတတ်မှုအားနည်းရင်
ဘာလုပ်လုပ် အဆင်မပြေသလို
မိတ်ကောင်းလည်း ရှားပါးပါတယ် ။
နိမ့်ချမှု နိ၀ါတတရားချို့တဲ့ရင်
လူရိုသေခြင်း ကင်းနိုင်သလို
နေရာပေးခြင်းလည်း မရနိုင်ပါဘူး ။
အသိတရားနည်းတယ်ဆိုရင်
ဘာဖြစ်ဖြစ် မဆင်ခြင်နိုင်သလို
စိတ်မချမ်းသာမှုလည်း ပိုးများပါတယ် ။
မေ့လျော့ခြင်းတွေများတယ်ဆိုရင်
ကုသိုလ်တွေအရနည်းပြီးတော့
သံသရာခရီးတွေ ရှည်ကြာနိုင်ပါတယ် ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏