ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်မိုင်းနောင်မြို့နယ် ဝိန်းကောင်းရွာနားမှာ
အမှတ် ( ၂၈၆ ) ခြေလျင်တပ်ရင်း တပ်ရင်းဌာနချုပ်မှာ
ဗိုလ်စံ ဆိုတာ ရှိခဲ့တယ်…။
နာမည်အပြည့်အစုံက ဗိုလ်ကြီးဖြိုးပြည့်စံ အားလုံးကတော့ သူ့ကို ချစ်စနိုးနဲ့
ဗိုလ်စံလို့ပဲ ခေါ်ကြတယ်…။
“အဲ့ဒီနေ့ကို မမေ့ဘူး” ( ၁၈ .၁၀ .၂၀၁၅ ) SSA ၀မ်ဟိုင်းအဖွဲ့ဟာ အင်အား ၆၀၀ ကျော်အပြင် ၁၀၅ မမ ဟောင်ဝှစ်ဇာအမြောက်လို လက်နက်ကြီးတွေသုံးပြီး တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ဖို့ ကြိုးစားလာခဲ့တယ်…။
ဗိုလ်စံဆေးဗိုလ်ကြီး နဲ့ နောက်တန်းမှုး တို့ဟာ တပ်ရင်းနောက်ချန်အင်အား စစ်သည် ၊ ရဲမေတွေ ( ၆၀ ဦး ခန့် ) ကို ဦးဆောင်ကြပြီး ရန်သူတွေကို သုံးရက် သုံးည တိုင်တိုင် အကြိမ်ကြိမ်လန်ကျသွားအောင် ရွံ့ရွံ့ချွံချွံရင်ကိုမြေဂတုတ် လုပ်ခါ ခုခံကာကွယ် ခဲ့ကြတယ်။
ရင်း SSAတို့ဟာ တစ်နေရာကနေ လက်နက်ကြီးတွေနဲ့ စုပြုံပစ်ခတ်ပြီး
မြေပြင်ကနေလည်း Rpg လို လက်နက်တွေနဲ့ ပစ်ပြီးတော့ လက်နက်ငယ်တွေ တရစပ်ပစ်ပြီး အတင်းတက်လုံးဖို့ ကြိုးစားနေတော့တာပဲ…။
ဆေးဗိုလ်ကြီး( DSMA 15 intake ) ကိုယ်တိုင် လက်နက်ကြီးတွေနဲ့ ပြန်ပစ်တဲ့ အဖွဲ့ ကို ကွပ်ကဲရင်း
ရဲမေတွေနဲ့အတူတိုက်ပွဲ၀င်နေရတယ်…။
ဖြစ်ချင်တော့ ဆေးဗိုလ်ကြီးတို့ တပ်စုကို ရန်သူတွေက ဝိုင်းပတ်ပိတ်ဆို့လာတယ် ။ ပိတ်မိနေတဲ့ ဆေးဗိုလ်ကြီးနဲ့ စစ်သည် ရဲမေတွေရဲ့ အသက်ကို ကယ်ဖို့ သူ့မှာ တာ၀န်ရှိတယ်လို့ ခံယူလိုက်ကာ သူ့တပ်စုက စစ်သည် အနည်းငယ်နဲ့
ရန်သူ့သာလွန်အင်အားကို အတင်းဒရကြမ်း ထိုးဖောက်ပြီးဆေးဗိုလ်ကြီးတို့ တပ်စုထံ ၀င်ရောက်ပူးပေါင်းမိပြီး လွတ်မြောက်လာခဲ့တယ်…။
တိုက်ခိုက်လွတ်မြောက်လာပေမယ့် သူတို့အားလုံးဆီမှာ ခဲယမ်း နဲ့ ကျည်ဆံတွေ ကုန်ခါနီးခဲ့ပြီလေ ၊ ဒီအတိုင်းဆက် ခုခံနေရင်
အားလုံးကျဆုံးပြီး ၊ လာနေတဲ့စစ်ကူမရောက်ခင် တပ်ရင်းဌာနချုပ်ပါ ကျ သွားနိုင်တယ်…။
ဒီတော့… ဆေးဗိုလ်ကြီးနဲ့ နောက်တန်းမှုးတို့က ရဲမေတွေကို
ဦးဆောင်ပြီးကျည်လွတ်မြေအထိ ထိုးဖောက်ဆုတ်ခွာဖို့ တိုင်ပင်ကာ စတင်လှုပ်ရှားကြတယ်…။
ဗိုလ်စံတို့ တပည့်တွေကတော့ အသေခံကာပစ်ပေးရင်း ကျန်နေခဲ့ကြတယ် ။
ပစ်ဆုတ် ဆုတ်သွားတဲ့ ရဲမေတွေအဖွဲ့ဟာ မကြာခင်လေးမှာပဲ စစ်ကူ တပ်ရင်း စစ်ကြောင်းတွေနဲ့ ပူးပေါင်းမိပြီး ဗိုလ်စံတို့ရှိရာကို အပြေးတက်တက်လာရင်း စွန်ရဲ .. စွန်ရဲ ရှိ လား…
ဗိုလ်စံကို ဆက်သွယ်ရေးစက်ကနေ မနားတမ်း ခေါ်လာကြတယ်…။
ဗိုလ်စံ တို့ ဆီက တိုက်ပွဲသံတွေကို ကြားနေကြပေမယ့် ၊ စွန်ရဲထံမှ
အကြောင်းပြန်လာခြင်းက မရှိ…။
“စွန်ရဲ .. စွန်ရဲ ရှိလား.. ” အားလုံးရဲ့ စိုးရိမ်စိတ်က အတိုင်းထက်အလွန်
စွန်ရဲ .. သိမ်းငှက်တွေ ရောင်နီလာပြီ…။ ကြားရင်အကြောင်းပြန် ပါ “
ထိုအခါ ဆက်သွယ်ရေးစက် မှ ရှဲ… ဟူသော အသံကြောင့် အားလုံး နားစွင့်လိုက်သော အခါ ၊
“စွန်ရဲ .. ကျ သွား ပြီ ..”
ဟာ … ဗိုလ် စံ ကျ သွားပြီတဲ့ဟေ့… ဗိုလ်စံ ကျပြီဆိုတာ ကြားတော့
ရဲမေတွေအားလုံးအပြေးတက် ပစ်ခတ်သွားလိုက်ကြတာက ကြောက်ခမန်းလိလိ ဗိုလ်စံ ကျသွားပြီတဲ့လား….
နောက်ဆုံးအချိန်ထိ မိမိတပ်ရင်းဌာနချုပ် ရန်သူ့လက်အောက် မကျရောက်စေဖို့ အရေး
ရင်ကို မြေဂတုတ်လုပ်ခါ အသက်ကိုပေးဆပ်မှုဖြင့် တိုင်းပြည်တာ၀န်ကို ကျေပွန်စွာ ထမ်းဆောင်သွားတဲ့ ဗိုလ်စံရဲ့ ရုပ်ကလာပ် မြေချ တဲ့ စျာပနအခမ်းအနားမှာ တပ်ရင်းတစ်ရင်းလုံးက ရဲမေတွေ … မငိုတဲ့သူ မရှိခဲ့ဘူး…။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သူရဲကောင်းမှတ်တမ်း၀င်ခဲ့ကြတဲ့
CQ ကြီးကတော် သုံးယောက်လဲ ငိုကြတာပဲ…။
တစ်ချို့ ရဲမေတွေဆို ဗိုလ်စံရဲ့ အလောင်းကို ဖက်ပြီး ရှိုက်ကြီးတငင် ငိုခဲ့ကြတယ်…။
“ငိုကြမှာပေါ့…”
ဗိုလ်စံဆိုတာ… အသက်ငယ်ပေမယ့်…၊ သူတို့ ချစ်ခင် အားကိုး ယုံကြည် လေးစားကြရတဲ့
အဖေလို အရာရှိတစ်ယောက် ဖြစ်နေခဲ့တာကိုး…
မြန်မာ့သမိုင်း တစ်လျှောက် မြန်မာပြည် မြေပုံကို ဖဲ့ချွေချင်ခဲ့ကြတဲ့
မသမာသူတွေရဲ့ ရန်ကိုကာကွယ်ရင်း ကျဆုံးသွားကြတဲ့ စစ်သားတွေကို
ခင်ဗျားတို့ခဏလေးနဲ့ မုန်းလိုက် မေ့လိုက်နိုင်ပေမယ့် ၊ဗိုလ်စံ … ( ဗက ဖြိုးပြည့်စံ DSA 50 Intake )
ဆိုတဲ့နာမည်ကတော့ ….အမှတ် ( ၂၈၆ ) ခြေလျင်တပ်ရင်း မှာ ထာဝရ စွဲကျန်ရစ်နေမှာ
ဖြစ်ပါတယ်…။
စစ်ကိုမုန်း၍တိုက်ခဲ့တဲ့ ဗိုလ်စံကို မေ့မရခြင်း အမှတ်တရများနဲ့ ဒီ Post ကိုပြန်တင်လိုက်ရပါတယ်
ဗိုလ်စံ ကိုသိတဲ့သူရှိသလို ဗိုလ်စံကိုမသိတဲ့သူများကလဲ ဗိုလ်စံ ရဲ့ မိမိနိုင်ငံ မိမိလူမျိုး
မိမိတပ်မတော် /မိသားစုများအတွက် အသက်ကို စတေးပြီး ကာကွယ်ခဲ့ပုံလေးကို
ရင်ထဲအမှတ်တရလေး ကျန်ခဲ့နိုင်ပါစေ…။
ငါမသေ ငါ့စခန်းမကျစေရ…။
ငါသေမှ ငါ့မြေရမယ်…။
ကျွန်တော် တို့တပ်မတော်မှာ.
လေးစားဖို့..ကောင်းတဲ့သမိုင်းတွေရှိခဲ့တယ်…။
credit ပေးပါသည်။