(၇၅)နှစ်မြောက်စိန်ရတု ဆက်သွယ်ရေးတပ်ဖွဲနေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်ခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်သည်။
ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ် ထွန်းထွန်းဦး က ဆက်သွယ်ရေးတပ်ဖွဲ့သမိုင်းအကျဉ်းချုပ်ကို ရှင်းလင်းတင်ပြပြီး (၇၅)နှစ်မြောက် စိန်ရတု ဆက်သွယ်ရေးတပ်ဖွဲ့နေ့ အထိမ်းအမှတ် မှတ်တမ်း Documentary Video ကို ပြသခြင်းနှင့် ဆက်သွယ်ရေးတပ်ဖွဲ့နေ့ ဂုဏ်ပြုသီချင်းဖြင့် ဆက်သွယ်ရေးတပ်ဖွဲ့ဝင်များက ဖျော်ဖြေတင်ဆက်ခဲ့ကြောင်းသိရှိရပါတယ်။
![](https://www.pct.com.mm/wp-content/uploads/2024/02/USW-5-2-202411-1024x449.jpg)
![](https://www.pct.com.mm/wp-content/uploads/2024/02/photo_2024-02-06_05-32-37-1024x682.jpg)