ကယားပြည်နယ် လွိုင်ကော်မြို့၊ တိ/မွေးကုရုံးအနီး လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲဝင်များကို နံနက် ၂ နာရီခန့်တွင် လာရောက်ပစ်ခတ်သည့် အကြမ်းဖက် ၇ ဦးခန့်အား လုံခြုံရေးတပ်ဖွဲများက ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်..
အကြမ်းဖက်သမားများထံမှ-
KPL Army ရင်ဘတ်တံဆိပ်ပါ ပြောက်ကျားယူနီဖောင်းဝတ် အသက် ၃၀ နှစ်ခန့် ကျား ၁ လောင်း
Type-81 သေနတ် ၁ လက်
၎င်းကျည် ၃၁ တောင့်
ကျည်အိမ် ၃ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

