(၃၃) ကြိမ်မြောက် ဆီးဂိမ်းစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု နောက်ဆုံးပွဲစဥ်အဖြစ် ဗီယက်နမ်နှင့် ပွဲအတွက် ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) တွင် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က လူမှုကွန်ယက်တွင် ဖော်ပြထားသည်။ မြန်မာအမျိုးသမီးအသင်းသည် အုပ်စုပွဲစဉ်များတွင် ဖိလစ်ပိုင်အသင်းကို နှစ်ဂိုး -တစ်ဂိုးဖြင့်လည်းကောင်း၊ မလေးရှားအသင်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ယူထားသည်။ မြန်မာအသင်းအနေဖြင့် အုပ်စုနောက်ဆုံးပွဲစဉ် ဗီယက်နမ်ကို…