နိုင်ငံတစ်နိုင်ငံဖြစ်ပေါ်လာဖို့ ..
ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံအဖြစ်
ကမ္ဘာ့အသိုင်းအဝိုင်းက အသိအမှတ်ပြုခံရဖို့
နယ်နိမိတ်၊ ပြည်သူ၊ အစိုးရ နဲ့
အချုပ်အခြာအာဏာပိုင်ဆိုင်မှုဆိုတဲ့ အချက်(၄)ချက်နဲ့ ပြည့်စုံဖိုလိုတယ်….
ဒါပေမယ့် …
တိုးတက်လာတဲ့ဒီဘက်ခေတ်မှာ
နိုင်ငံတကာအစိုးရတွေရဲ့
အသိအမှတ်ပြုမှုဆိုတဲ့အချက်တွေပါ
ထည့်သွင်းတွက်ချက်လာခဲ့ကြတယ်။
လတ်တလော…
တရုတ်ခွဲထွက်တဲ့ ထိုင်ဝမ်ကို
ကမ္ဘာ့နိုင်ငံ ၁၃ နိုင်ငံကပဲ
အသိအမှတ်ပြုထားတဲ့ အခြေအနေမှာ
ဒီအချက်က နိုင်ငံတစ်နိုင်ငံဖြစ်ပေါ်ဖို့
ဘယ်လောက်အရေးပါသလဲဆိုတာ ထင်သာမြင်သာရှိစေတယ်။
သမိုင်းတွေထဲမှာ …
၁၉၄၇ ခုနှစ်ဟာ
အိန္ဒိယနဲ့ ပါကစ္စတန်အတွက်
နယ်ချဲ့ ကိုလိုနီဘဝကနေ
လွတ်မြောက်တဲ့ နှစ်တစ်နှစ် ဆိုပေမယ့်
ဘင်္ဂလားဒေရှ့ဆိုတဲ့ နိုင်ငံတစ်နိုင်ငံ
ပေါ်ထွက်လာဖို့…
ဒီအကြောင်းအရာတွေကပဲ
အခြေခံလမ်းစတစ်ခုဖြစ်ခဲ့တယ်ဆိုတာ…
ဘယ်သူမှ မငြင်းနိုင်တဲ့ အမှန်တရားတစ်ခုပဲ။
အမေရိကန်နဲ့ တရုတ်နိုင်ငံတွေက
ခွဲထွက်ရေး ကို အားမပေးခဲ့ကြပေမယ့်
ဘင်္ဂလားဒေရှ့နိုင်ငံဖြစ်ပေါ်လာဖို့
အရှေ့ပါကစ္စတန်မှာ သူပုန်ထခဲ့တဲ့
ဟာစီနာရဲ့ ဖခင် မူဂျစ်ကို
အိန္ဒိယနိုင်ငံက ပေါ်ပေါ်ထင်ထင်ပဲ
ထောက်ပံ့ပေးခဲ့တယ်ဆိုတဲ့
သမိုင်းတွေရှိခဲ့တယ်။
ဗီဒိုအာဏာတွေ ဘယ်လိုသုံးသုံး
(၂)နှစ်အကြာမှာ တော့
ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှုနဲ့ နိုင်ငံတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့တယ်။
ဒီအဖြစ်အပျက်တွေက …
ကိုယ်တွေနိုင်ငံရဲ့ ဘေးအိမ်နီးချင်းမှာ
ပကတိဖြစ်ပျက်ခဲ့တဲ့ သမိုင်းမှန်တွေပဲ….။
နိုင်ငံတစ်ခုရဲ့ ….
အချုပ်အခြာအာဏာဟာ ….
တစ်ကြိမ်ဆုံးရှုံးပြီးသွားရင်…
အသက်ပေါင်းများစွာ ပေးပြီးမှပဲ
ပြန်တိုက်ယူမှရတတ်တော့တယ်။
ဒါတောင် မိတ်ဖက်နိုင်ငံကြီးတွေရှိဦးမှ။
ပြည်သူတွေက စည်းလုံးညီညွှတ်ဦးမှ။
(နရီမိုး)