အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်၏အကြံပေးပုဂ္ဂိုလ်အဖြစ်ဆောင်ရွက်ခဲ့သူ ပီတာနာဗာရိုအား ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ကွန်ဂရက်အဆောက်အအုံအား အကြမ်းဖက်တိုက်ခိုက်မှုများအတွက် စုံစမ်းစစ်ဆေးရန် အောက်လွှတ်တော်မှရွေးချယ်ထားသောကော်မတီနှင့်ပူးပေါင်းဆောင်ရွက်ရေး ကွန်ဂရက်မှ အမိန့်စာချွန်ဆင့်ထုတ်ခဲ့ခြင်းကို မနာခံခဲ့၍ ထောင်ဒဏ်လေးလကျခံရန်နှင့် ဒဏ်ငွေ ဒေါ်လာ ၉,၅၀၀ ပေးဆောင်ရန် ပြည်ထောင်စုတရားရုံးက ဇန်နဝါရီ ၂၅ ရက်တွင် စီရင်ချက်ချခဲ့တယ်လို့သိရပါတယ်။ #Crd
![](https://www.pct.com.mm/wp-content/uploads/2024/01/photo_2024-01-26_12-30-10-1024x575.jpg)