ရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိရှိ တိုက်ပွဲဖော်ဆောင်နေသော AA အကြမ်းဖက်အဖွဲ့၏ လက်နက်ကြီးကျရောက်မှုကြောင့် ယမန်နေ့ ညနေပိုင်းတွင် ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော မြို့နယ်ပြည်သူ့ဆေးရုံနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ကရုဏာလှိုင်းသွေးလှူရှင်အသင်းရုံးတို့ ပျက်စီးခဲ့ရပါတယ်။
အဆိုပါလက်နက်ကြီးကျရောက်မှုကြောင့် မြို့နယ်ပြည်သူ့ဆေးရုံ ခွဲစိတ်ခန်းနှင့် လူနာဆောင်များ ပျက်စီးခဲ့ရပြီး ကရုဏာလှိုင်းရုံးရှိ မော်တော်ယာဉ်နှင့် ရုံးနောက်ဖက်ခြမ်းပျက်စီးသွားကြောင်း ဒေသခံများပြောကြားခဲ့သည်။
ယမန်နေ့ နံနက်ပိုင်းကလည်း AA အကြမ်းဖက်သောင်းကျန်းသူများ၏ လက်နက်ကြီးကျရောက်မှုကြောင့် ယဉ်ကျေးမှုပြတိုက် ပျက်စီးဆုံးရှုံးရခဲ့ပြီး ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် မြို့ပျက်စီးသွားမည်ကို ဒေသခံများစိုးရိမ်လျက်ရှိကြောင်း သိရှိရပါတယ်။
MayYuHtarNay
![](https://www.pct.com.mm/wp-content/uploads/2023/12/photo_2023-12-26_10-53-01-1024x781.jpg)