ရှမ်းမြောက်တိုက်ပွဲများအတွင်း အကြမ်းဖက်သမားများအနေဖြင့် လေကြောင်းတိုက်ခိုက်မှုများ၊ အတွဲလိုက်ဒုံးများဖြင့် တိုက်ခိုက်ခံရမှုကြောင့် အကျအဆုံးများသွားခဲ့တဲ့ MNDAA အကြမ်းဖက်များအနေဖြင့် လောက်ကိုင်မြို့၊ နမ့်ခမ်းမြို့များတွင် လူသစ်များ အတင်းအဓမ္မစုဆောင်းနေကြောင်း သိရှိရပါတယ်။ MNDAA အနေဖြင့် တပ်သားသစ်မရတဲ့အဆုံး ယုတ်မာသည့်နည်းလမ်းဖြင့် စစ်ရှောင်နေရသည့် လူငယ်များကို ဖမ်းဆီးစုဆောင်းနေကြောင်းကို ရှမ်းပြည်လူထုများနှင့် မီဒီယာများထံမှ သိရပါတယ်။ အဆိုပါလုပ်ရပ်များကြောင့် ဒေသခံလူငယ်များအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများခံစားနေရပြီး မိမိတို့သားသမီးများအား နီးစပ်ရာမြို့များသို့ ရှောင်ပြေးခိုင်းနေရကြောင်းနှင့် အဆိုပါအကြမ်းဖက်သမားများအား ရှင်းလင်းပေးရန် တပ်မတော်စစ်ကြောင်းများသို့ အကူအညီတောင်းခံလာနေကြောင်းကိုလည်း သိရှိရပါတယ်။ နောက်ဆုံးတော့ အကြမ်းဖက်သမားတွေက အကြမ်းဖက်အကျင့်အတိုင်းပဲ ကျင့်ကြံကြတာပါပဲ။ ဒါကြောင့်မို့ ပြည်သူများအနေဖြင့် အကြမ်းဖက်သမားများကို အားပေးအားမြှောက်မလုပ်ဘဲ တပ်မတော်နှင့်သာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းအပ်ပါတယ်။
Related Posts
အကြမ်းဖက်အဖွဲ့ထံပို့ဆောင်မည့် ပစ္စည်းများအားဖမ်းဆီးရမိ
- အေးခင်
- May 28, 2024
ညောင်ရွှေမြို့နယ်၊ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မေလ၂၅ ရက်နေ့က လုံခြုံရေးအဖွဲ့ဝင်များမှ ညောင်ရွှေမှ စံကားကျေးရွာဘက်သို့ ဆော်ရယ် (၃၆)နှစ်၊ ကျေးလက်ဝန်ထမ်း၊ ဒီးမော့ဆိုမြို့နယ်နေထိုင်သူ မောင်းနှင်လာသော Canter (အဖြူရောင်) ယာဉ်အားရပ်တန့်စစ်ဆေးခဲ့ရာ […]
အကြမ်းဖက် KNU/PDF များသတ်ဖြတ်မှုကို ခံခဲ့ရတဲ့မိသားစု
- admin
- April 21, 2024
၂၀-၄-၂၀၂၄ ရက်နေ့ မြဝတီမြို့ တိုက်ပွဲအတွင်း NUG ဩဇာခံ အကြမ်းဖက် KNU/PDF အဖွဲ့က တိုက်ပွဲရှောင်လာသည့် မိသားစုတစ်စုအား အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ရာ အဆိုပါ ဖြစ်စဉ်၌ […]
PDF တွေသယ်လာတဲ့ မိုင်းပေါက်ကွဲလို့ ကလေးငယ် ၂ ဦးသေဆုံး
- အေးခင်
- March 11, 2024
ချင်းပြည်နယ်၊ ဟားခါးမြို့နယ် (Buanlung) ဘွာန်လုံကျေးရွာတွင် မတ်လ ၁၀ ရက်နေ့က ချင်း PDF တွေရဲ့ ကားပေါ်ပါလာတဲ့ မိုင်းပေါက်ကွဲခဲ့ပြီး ဒေသခံက လေးငယ်နှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ ချင်းလဲန်းကာကွယ်ရေးတပ် […]