ရှမ်းပြည်နယ် တောင်ကြီးမြို မြန်မာရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေးအတွက် ညိနှိင်းအစည်းအဝေးကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ယမန်နေ့က တောင်ကြီးမြိုတွင် ကျင်းပခဲ့ကြောင်း သိရသည်။ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်မည့်အခြေအနေ ယိမ်းအကအဖွဲပါဝင်မှုနှင့် ကော်မတီအလိုက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ လာမည့်သင်္ကြန်မဏ္ဍပ်များကို ဗိုလ်ချုပ်လမ်းပေါ်တွင် ထားရှိမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များနှင့် အင်းလေး ရေပေါ် သင်္ကြန်ကျင်းပမည်ဖြစ်ပြီး မူဝါဒနှင့်အညီ စနစ်တကျဆောင်ရွက်ရန်၊ ဗဟိုမဏ္ဍပ်နေရာရွေးချယ်အဆိုပြုရန်၊ စတုဒီသာကျွေးမွေးရန်လည်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြောကြားခဲ့သည်။…