🌷မှီချည်ပြီး မရှင်သန်ပါနဲ့ 🌷
အစိုးမရတဲ့သဘောကို
ကောင်းကောင်းနားမလည်သေးရင်
ကိုယ့်အလို ကျချင်နေအုံးမှာပါပဲ ။
ကိုယ့်အလို မကျလာတော့
သူများကိုလည်း ကြည့်လို့မရသလို
စိတ်ထဲမှာလည်း
နေရတာ မသက်သာလှပါဘူး ။
ခွင့်မလွှတ်နိုင်တဲ့အပြင်
အပြစ်တွေမြင်ပြီးဆင်းရဲနေပါတယ် ။
ကိုယ့်စိတ်အတွေးတောင်
အမျိုးမျိုး ရှိနေသေးတယ်ဆိုရင်
သူများစိတ်အတွေးဟာလည်း
အချိန်းတိုင်း ပြောင်းလဲနိုင်ပါတယ် ။
ပုဂ္ဂိုလ်ကိုလည်း မှီမထားနဲ့
စိတ်နဲ့လည်း ချည်မထားမိပါစေနဲ့ ။
ကိုယ့်အလိုမကျစရာတွေဖြစ်လာရင်
ကိုယ့်ပဲ စိတ်ပင်ပန်းစွာနေရနိုင်လို့
နှောင်ကြိုးရှင်းစွာ ရှင်သန်ဖို့လိုပါတယ် ။
🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏