“ပုံမှန်လေးသာ လုပ်သွားပါ”
🔷🔷🔷🔷🔷🔷🔷🔷
ပညာ ဆိုတာ
တစ်ဦးနဲ့တစ်ဦး မတူပါဘူး။
တချို့ကျတော့ တရားနာရင်း
တရားထူးရနိုင်တဲ့ ပုဂ္ဂိုလ်လည်း
ရှိတယ်။
တချို့ကျတော့
စာပေအဆင့်ဆင့် သင်ယူပြီးတဲ့
နောက်ပိုင်းမှာ တရားထူး ရတဲ့
ပုဂ္ဂိုလ်လည်း ရှိတယ်။
တချို့လည်း နှစ်ပေါင်းများစွာ
ကျင့်ပြီးမှ အသိဉာဏ်ရင့်လာတဲ့
ပုဂ္ဂိုလ်လည်း ရှိတယ်။
တစ်ယောက်နဲ့တစ်ယောက် မတူ
ပါဘူး။
အဲဒီတော့ တူတာ, မတူတာထား,
ကိုယ်လုပ်ရမယ့် အလုပ်ကို
ကိုယ်လုပ်နေဖို့သာ လိုပါတယ်။
ကိုယ်သွားရမယ့်လမ်းကို
ကိုယ်သွားမှသာ ရောက်မှာပဲ၊
မသွားဘဲ နေရင်တော့ မရောက်
ဘူးပေါ့။
ခြေလှမ်းတစ်ရာ လှမ်းရမည့်နေရာ
ရောက်ဖို့တစ်လှမ်း, လှမ်းပြီးရင်
၉၉-လှမ်းပဲ ကျန်တော့တယ် နော်။
တစ်လှမ်းမှ မလှမ်းရသေးတဲ့ ပုဂ္ဂိုလ်
ကတော့ အလှမ်း ၁၀၀-လုံး ကျန်နေ
မှာပဲ။
အဲဒါကြောင့်မို့
ပုံမှန်လေး အလုပ်လုပ်နေဖို့
အရေးကြီးပါတယ်။
ရတာက သူ့တာဝန်၊
လုပ်ရမှာက ကိုယ့်တာဝန် လို့
တာဝန်ကို ခွဲဝေပြီးတော့
ရလိုတဲ့ စိတ်တွေ
နင်းကန်ပြင်းထန်လို့ မရပါဘူး။
သူ့ အချိန်တန်ရင် ရလာမှာပါ ပဲ။