ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာလ ၂၃ ရက် ညနေပိုင်းတွင် ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော် ရာဟုတောင့်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ပြုလုပ်ရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ တိပိဋက ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ သ စ အ ဓမ္မာစရိယ(ဝဋံသကာ)ပါဠိပါရဂူ၊ စေတိယင်္ဂဏ ပဝရ သီရိမဟာ ဓမ္မာဂုရု လှရတနာ ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
Related Posts
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအရေးပေါ်အစည်းအဝေး ပြုလုပ်
- ပုည
- May 14, 2023
“မိုခါ”ဆိုင်ကလုန်းမုန်တိုင်းအန္တရာယ်မကျရောက်မီနှင့်ကျရောက်ပြီးချိန်များတွင် လိုအပ်သည့် အရေးပေါ် စီမံခန့်ခွဲခြင်း၊တုံပြန်ခြင်း၊ကယ်ဆယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲထားရှိခြင်းနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များပြုလုပ်ခြင်းတိုနှင့်ပတ် သက်၍ ယနေ့ (မေ ၁၄ ရက်)နံနက်ပိုင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအရေးပေါ်အစည်းအဝေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် […]
မုန်တိုင်းဒဏ်သင့်ပြည်သူများအား စားသောက်ကုန်များကို ဈေးသက်သာစွာဖြင့် ရောင်းချ
- ပုည
- June 7, 2023
ရခိုင်ပြည်နယ် စစ်တွေမြို့ ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချခဲ့တယ်လို့သိရပါတယ်။
လောက်ကိုင်နှင့် မလှိုင်မြို့ရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်
- ပုည
- March 10, 2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်၊ မန်ကျူးကျေးရွာနှင့် အနီး ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များ၊ သက်ကြီးဘိုးဘွားများနှင့် ဒေသခံ ပြည်သူ စုစုပေါင်း ၃၂၈ ဦး၊ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ မှရိုးကျေးရွာအုပ်စုအတွင်းရှိ […]