သမိုင်းစာမျက်နှာမှာ ကျန်ရှိနေမယ့် အကြမ်းဖက် KNU တို့၏ လုပ်ရပ်

အကြမ်းဖက်သမားများ အနေဖြင့် ၂၀၂၁ ခုနှစ်မှ စတင်၍ အများပြည်သူများဒုက္ခရောက်စေရန် ရည်ရွယ်ချက်ဖြင့် လမ်းတံတားများ၊ ပြည်သူပိုင်ပစ္စည်းများ၊ စာသင်ကျောင်းများကို ခြိမ်းဖြောက်ခြင်းနှင့် drop bomb ချခြင်းများကို ဆောင်ရွက်လျက်ရှိနေပါတယ်။ ပြည်သူများအနေဖြင့် အကြမ်းဖက်သမားများ၏ ဆိုးရွာလွန်းသည့် လုပ်ရပ်များကြောင့် သွားလာရေး၊ ပညာရေး၊ နှင့် အစစအရာရာ ဖွံ့ဖြိုးမှုများနောက်ကျလျက်ရှိနေပါတယ်။ နိုင်ငံတော်အစိုးရမှ ပျက်စီးခဲ့သည့် လမ်းတံတားများ၊ ရထားလမ်း/ကားလမ်းများကို အချိန်မီပြင်ဆင်ပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ယနေ့အချိန်ထိ အကြမ်းဖက်သမားများအနေဖြင့် ရထားလမ်း/ဘူတာမိုင်းခွဲဖျက်ဆီးမှု(၁၂၆) ကြိမ်၊ ရထားလမ်းရှိ တံတားများ မိုင်းခွဲဖျက်ဆီးမှု (၄၅) ကြိမ်နှင့် ဘူတာနှင့် ဝန်ထမ်းအိမ်ရာများ မီးရှို့ဖျက်စီးမှု (၁၂) ကြိမ် ဖျက်ဆီးခဲ့ကြောင်း သိရှိရပါတယ်။