ပါလက်စတိုင်းအရေးမှာ ငြိမ်းချမ်းရေးနဲ့ လူသားဆန်တဲ့ဘက်ကနေ တရုတ်ရပ်တည်သွားမယ်လို့ ဝမ်ယိပြော

лªÉçÕÕÆ¬£¬±±¾©£¬2023Äê10ÔÂ13ÈÕ ÍõÒãͬŷÃËÍâ½»Ó밲ȫÕþ²ß¸ß¼¶´ú±í²©À×Àû¾ÙÐÐÖÐÅ·¸ß¼¶±ðÕ½ÂÔ¶Ô»° 10ÔÂ13ÈÕ£¬Öй²ÖÐÑëÕþÖξÖίԱ¡¢Íâ½»²¿³¤ÍõÒãÔÚ±±¾©Í¬Å·ÃËÍâ½»Ó밲ȫÕþ²ß¸ß¼¶´ú±í²©À×Àû¾ÙÐеÚÊ®¶þÂÖÖÐÅ·¸ß¼¶±ðÕ½ÂÔ¶Ô»°¡£ лªÉç¼ÇÕß ÕÅÁì Éã

အစ္စရေး-ပါလက်စတိုင်းအရေးမှာ တရုတ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ နိုင်ငံတကာဥပဒေ၊ နိုင်ငံအများစုရဲ့ဘုံသဘောဆန္ဒ၊ လူသားဆန်မှုဘက်တွေကနေ ဆက်လက်ရပ်တည်သွားမယ်လို့ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံရေးဦးဆောင်(ပေါ်လစ်ဗျူရို)အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အလေးအနက်ပြောကြားကြောင်း ဘေဂျင်းအစိုးရအာဘော် ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြပါတယ်။

ဝမ်ယိဟာ ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် ဂျိုးဇက်ဘော်ဝဲလ်နဲ့အတူ တရုတ်-ဥရောပ အဆင့်မြင့်မဟာဗျူဟာဆွေးနွေးပွဲအပြီး အောက်တိုဘာ ၁၃ ရက်က ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာ သတင်းထောက်တွေရဲ့မေးမြန်းချက်တွေအပေါ် အထက်ပါအတိုင်း ဖြေကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိ ပါလက်စတိုင်းအခြေအနေဟာ အန္တရာယ်များပြားပြီး စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း၊ အခုဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အရပ်သားများစွာ သေဆုံးဒဏ်ရာရခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေတွေ ဆိုးရွားနေကြောင်း၊ အရပ်သားတွေ ထိခိုက်စေတဲ့လုပ်ရပ်မှန်သမျှ အပြစ်တင်ရှုတ်ချသလို နိုင်ငံတကာဥပဒေ ချိုးဖောက်မှုမှန်သမျှကိုလည်း ဆန့်ကျင်ကန့်ကွက်ကြောင်း ဝမ်ယိက ဆက်လက်ပြောကြားခဲ့ပါတယ်။