ရေဦးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၈ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအတုရေး

အောက်တိုဘာလ ၇ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရေဦးမြို့ပေါ်ရှိ စစ်သားများ တပ်စွဲထားရာနေရာနှင့် မြို့အဝင်စစ်ဆေးရေးဂိတ်များကို မိုးကြိုးစစ်ဆင်ရေးအဖြစ် Fix Wings Drones ဖြင့် ဗုံးသီး ၂၈ လုံး ကျဲချကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ မိုးကြိုးစစ်ဆင်ရေး အတွင်း စစ်သား ၆ ဦးနှင့် ပျူစောထီး ၂ ဦးသေဆုံးခဲ့ပြီး ပျူစောထီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ အောက်တိုဘာလ ၇ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရေဦးမြို့ပေါ်နှင့် မြို့အဝင်ဂိတ်နေရာများတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အဖွဲ့များ တိုက်ခိုက်တဲ့ ဖြစ်စဉ်မရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိခဲ့ရပါတယ်။ ဖြစ်စဉ်မရှိဘဲ Khit Thit မှ အများပြည်သူများ အထင်မှားအောင် လုပ်ကြံဇာတ်လမ်းဆင်ပြီး ရေးသားထားခြင်းသာဖြစ်ပါသည်။