အလင်းဝင်လာကြတဲ့ လူငယ်များ

ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်းပြန်လည်၀င်ရောက်လာသည့် PDF အဖွဲ့၀င် ၁၂ ဦးအား ဆုကြေးငွေများပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တမူးမြို့နယ်၊ ကလေးမြို့နယ်နှင့် မုံရွာမြို့နယ်တို့မှ ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့ဝင်
အမျိုးသား ၉ ဦး၊
အမျိုးသမီး ၃ ဦး၊
စုစုပေါင်း ၁၂ ဦးတို့သည် မောင်းပြန်သေနတ် ၂ လက်နှင့် အတူ အလင်းဝင်ရောက်ခဲ့ပြီး လက်နက်များကို တိုင်းမှူးနှင့် တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြောင်းသိရပါတယ်။

သေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၂ ဦးအား ၁ ဦးလျှင် တိုင်းမှူးမှ ဆုကြေးငွေ သိန်း ၅၀ ကျပ် ချီးမြှင့်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လည်း အလင်းဝင်ရောက်လာသူများအား ၁ ဦးလျှင် ဆုကြေးငွေ သိန်း ၂၀ ကျပ်၊ စုစုပေါင်းငွေကျပ် သိန်း ၃၄၀ ကျပ်၊ ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်ပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်းသိရ။

နောက်ထပ်၀င်ရောက်လာမယ့် ညီငယ်များလည်းကြိုဆိုလျက်ပါ။